OpenAltimetry

OpenAltimetry သည် နာဆာမှ လွှတ်တင်ခဲ့သော ICESat နှင့် ICESat-2 ဂြိုလ်တု မစ်ရှင်များမှ ဒေတာများကို ရှာဖွေခြင်း၊ ရယူခြင်း နှင့် ပုံဖော်ကြည့်ရှုခြင်းများပြုလုပ်နိုင်သည့် ဝက်ပလက်ဖောင်းတစ်ခုဖြစ်ပါသည်။ အဆိုပါ လေဆာ အမြင့်တိုင်းကိရိယာ များ ဖြင့် ကမ္ဘာ့ရေခဲချပ်ကြီးများ၏မျက်နှာပြင်အနိမ့်အမြင့်, သစ်ပင်များ၏ရွက်အုပ်ဖွဲ့စည်းပုံ တိမ် နှင့် လေထုထဲရှိအမှုံများ ပြောင်းလဲမှုများကို တိုင်းတာပါသည်။ အဆိုပါ ထူးခြားလှသည့် ဒေတာများကိုအကောင်းဆုံးအသုံးချရန် ရှာဖွေနေသည့် ပညာရှင်စုံပါဝင်သည့်သိပ္ပံပညာရှင်အဖွဲ့အစည်း ကို ဒေတာများ ရယူနိုင်စေမည့် ပါရာဒိုင်း အသစ်တစ်ခုဖြစ်ပါသည်။ OpenAltimetry ဆိုက်ကို အမျိုးသား နှင်းနှင့်ရေခဲထုအချက်အလက် ဗဟိုဌာန(National Snow and Ice Data Center (NSIDC))၊ UNAVCO၊ စခရစ် အဏ္ဏဝါဗေဒ (Scripps Institution of Oceanography) နှင့် ဆန်ဒီဂို စူပါကွန်ပြူတာ ဌာန (San Diego Supercomputer Center) တို့က ပူးပေါင်းတည်ဆောက်ထားပါသည်။

မူရင်းဝက်ဆိုက်သို့သွားရန်

ရရှိနိုင်သော ဒေတာအချက်အလက်များ

ICESat Data
  • GLAH06|GLAH06 Level-1B Global Elevation data
ICESat-2 Data
  • ATL03 | ATLAS/ICESat-2 L2A Global Geolocated Photon Data
  • ATL06 | ATLAS/ICESat-2 L3A Land Ice Height
  • ATL07 | ATLAS/ICESat-2 L3A Sea Ice Height
  • ATL08 | ATLAS/ICESat-2 L3A Land and Vegetation Height
  • ATL10 | ATLAS/ICESat-2 L3A Sea Ice Freeboard
  • ATL12 | ATLAS/ICESat-2 L3A Ocean Surface Height
  • ATL13 | ATLAS/ICESat-2 L3A Inland Water Surface Height

ဒေတာရှာဖွေရန်

အထက်ပါလင့်များမှ ထုတ်ကုန်တစ်ခုချင်းစီ လင့်တွင်လည်းရှာနိုင်ပါသည်။

ICESAT Data

ICESAT – 2 Data | EarthDATA search

မစ်ရှင်ဆိုင်ရာအချက်အလက်

ICESAT

ICESat ဂြိုလ်တု ကို ၂၀၀၃ ခုနှစ် ဇန်နဝါရီ (၁၂) ရက် တွင် လွှတ်တင်ခဲ့ပြီး (၇) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ OpenAltimetry တွင် ICESat ဂြိုလ်တု ပေါ်တွင်ပါရှိသော Geoscience Laser Altimeter System (GLAS) ကိရိယာ ဖြင့် တိုင်းတာရရှိသည့်ဒေတာမှထုတ်လုပ်ထားသော Level-1 နှင့် Level-2 ထုတ်ကုန် ၁၅ ခုကို ရယူနိုင်ပါသည်။ GLAS ၏ပင်မရည်ရွယ်ချက်မှာ ရေခဲချပ်များ၏အမြင့်ကိုတိုင်းခြင်းနှင့် အချိန်ကြာသည်နှင့်အမျှပြောင်းလဲသွားသော အမြင့်ပြောင်းလဲမှုတို့ကို တိုင်းတာရန်ဖြစ်သည်။ ဒုတိယရည်ရွယ်ချက်မှာ – တိမ် နှင့် လေထုထဲရှိ အမှုံများအမြင့်အလိုက်ပါဝင်နေမှု၊ မြေပြင်အမြင့်၊ သစ်ပင်များဖုံးလွှမ်းမှုအခြေအနေ နှင် ပင်လယ်ထဲရှိရေခဲများ၏အထူ ကိုတိုင်းတာရန်ဖြစ်သည်။

ICESAT – 2

ICESAT – 2 မစ်ရှင် သည် ကမ္ဘာ့မျက်နှာပြင် အနိမ့်အမြင့်အချက်အလက်များကို တိုင်းတာစုဆောင်းရန် ဖြစ်သည်။ တစ်ခုတည်းသော ကိရိယာမှာ အဆင့်မြင့် မြေပြင်အမြင့်တိုင်းလေဆာစနစ် Advanced Topographic Laser Altimeter System (ATLAS) ဖြစ်သည်။ ၎င်းဖြင့် ရေခဲချပ်များ ၏ အမြင့်ပြောင်းလဲချက်များ နှင့် ပင်လယ်ရေခဲချပ်များအထူကို တိုင်းတာသည်။ထို့အပြင် ကမ္ဘာ့ ရုက္ခဇီဝထုကိုလည်းခန့်မှန်းပေးသည်။ ၂၀၀၃ ခုနှစ်က ICESat ဂြိုလ်တု ဖြင့်စတင်ခဲ့သည့် အရေးကြီးသော လေ့လာမှုများဖြစ်သည့် ရေခဲချပ် အမြင့်ပြောင်းလဲမှုများ၊ ပင်လယ်အတွင်းမျောနေသည့်ရေခဲချပ်များ နှင့် အပင်များ၏ရွက်အုပ်အမြင့်တိုင်းတာမှုများကို ICESAT – 2 က ဆက်လက်လုပ်ဆောင်ပေးသည်။

 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details