
Distance Decay: ဘယ်လောက်ဝေးဝေး သွားမလဲ?

စတိုးဆိုင် စီမံခန့်ခွဲရာမှာ distance decay ကို မည်သို့ အသုံးပြုမည်နည်း
Distance decay ဆိုသည်မှာ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများမှ ဝေးလေလေ ၎င်းတို့ကို အသုံးပြုရန် အလားအလာနည်းလေလေဖြစ်သည် ဟူသော အယူအဆဖြစ်သည်။ ဥပမာအားဖြင့် သင့်နေရာ နှင့် မိုင် ၁၀၀ ဝေးသည့် မြို့ကြီးတစ်ခုသို့ ပိုကြီးမားပြီး ပိုကောင်းသည့် ဝန်ဆောင်မှုများ ရရန်အတွက် သွားမည်မဟုတ်ပေ။
ထို့ကြောင့် စတိုးဆိုင်တစ်ခုရဲ့အကွာအဝေးသည် အနီးနားမှ ဈေးဝယ်သူများ/ဖောက်သည်များကို ဘယ်လောက်ဆွဲဆောင်နိုင်လဲဆိုသည့်အပေါ် သက်ရောက်မှုရှိပါသည်။ ဤသက်ရောက်မှုသည် နေရာတစ်ခု နှင့် တစ်ခု အကြားတွင် ကွဲပြားမှုတော့ရှိနိုင်ပါသည်။
ပထဝီဝင်ပညာရှင်များသည် distance decay အယူအဆကို ကမ္ဘာတစ်ဝှမ်းတွင် အသုံးချနိုင်မည်ဟူ ထင်ကြပါသည်။
ထို့အပြင် ဒီအယူအဆဟာ မြို့ပြစီမံကိန်းရေးဆွဲသူများ အတွက်သာမဟုတ်ပါ။ ဥပမာအားဖြင့် စိုက်ပျိုးရေးကဲ့သို့ လုပ်ငန်းများ သည် စိုက်ခင်းများအတွက် အနီးပါတ်ဝန်းကျင်ရှိ ရေနှင့် မြေဩဇာကဲ့သို့ အထောက်အပံ့များကို သွားရောက်ရယူချိန် တိုတောင်းစေရန်အတွက် distance decay ကို အသုံးပြုသည်။
အကွာအဝေး နှင့် အချိန်-နေရာ ပွတ်တိုက်မှုကိုလျော့ချခြင်း
စတိုးဆိုင်တစ်ခုကို တည်ဆောက်လိုသည့်အခါ ဈေးဝယ်သူ /ဖောက်သည်များအတွက် အဓိကတွန်းအားဖြစ်သော distance decay ကို ထည့်သွင်းစဉ်းစားလေ့ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ဈေးဝယ်သူ/ဖောက်သည်များက ဈေးဝယ်ရန် အကွာဝေးအနည်းငယ်သာ သွားချင်ကြသည်ကို သိရှိသောကြောင့် လူတွေနှင့် နီးသည့် နေရာကို အခြေခံ၍ ဈေးဆိုင်တည်နေရာကို ရွေးချယ်နိုင်သောကြောင့်ဖြစ်သည်။ ဤသဘောတရားသည် အကွာအဝေး၏ပွတ်တိုက်မှု (friction of distance) ဖြစ်သည်ပြီး ၎င်းသည် ဆိုင်နှင့်ဈေးဝယ်သူအကြားကူးလူးဆက်ဆံမှုကို တားဆီးသည့် အကြောင်းအရင်း သို့မဟုတ် အနှောက်အယှက်ဖြစ်သည်။

ဈေးဝယ်သူများက နီးနီးနားနားသာ ဈေးဝယ်ချင်ကြသည်ကို နားလည်ထားသောကြောင့် အဖွဲ့အစည်းများတွင် distance decay ကို အသုံးပြုသည့်ကျွမ်းကျင်သူရှိပါသည်။ စီမံကိန်းရေးဆွဲသူများသည် အောက်ပါကဲ့သို့ friction of distance မေးခွန်းများကို ထည့်သွင်းစဉ်းစားပါသည်။
- ဈေးဝယ်သူများက တစ်နာရီခန့်အကွာအဝေး က အနည်းငယ်ပိုကြီးတဲ့ဈေးဆိုင်ကို သွားချင်ကြ သလား?။
- ဒါမှမဟုတ် ၁၅ မိနစ် အကွာအဝေးက ပိုငယ်တဲ့ဈေးဆိုင်ကို ပိုပြီးသွားချင်ကြသလား?။
ဥပမာ – စီမံကိန်းရေးဆွဲသူတွေဟာ အကောင်းဆုံး ဈေးဆိုင်အဆောက်အဦတည်နေရာကို သတ်မှတ်ရန် Huff’s Gravity Model ကဲ့သို့ tool များကို အသုံးပြုကြပါသည်။
အချိန်နှင့်အကွာအဝေးချုံ့ခြင်း
ကျွန်ုပ်တို့သည် distance decay ၏ သက်ရောက်မှုကို လျှော့ချပေးသည့် time-space compression ကို အချက်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားနိုင်ပါသည်။ ဥပမာ – ချမ်းသာကြွယ်ဝမှု၊ နည်းပညာ၊ နှင့် သယ်ယူပို့ဆောင်ရေးစနစ်များသည် distance decay ၏ သက်ရောက်မှုကို လျှော့ချပေးနိုင်ပါသည်။
- ဤဈေးဆိုင်ကို လွယ်ကူကူ လာရန် မြေအောက်ရထားလမ်းစနစ် သို့မဟုတ် ဘတ်စ်ကားလိုင်းများ ရှိသလား။
- ဤမျှဝေးသော စတိုးဆိုင်သို့ သွားရန် လူတွေမှာ ကား ရှိကြသလား။
ဥပမာ- မြေအောက်ရထားများ၊ ရထားများ၊နှင့် ပို၍ မြန်သည့် ကားများသည် distance decay ၏ သက်ရောက်မှုကို နည်းစေပါသည်။ သို့သော်လည်း လွန်ခဲ့သော ရာစုနှစ်မှာတော့ အဓိက သယ်ယူပို့ဆောင်ရေးဆိုတာ မြင်းနှင့် ရထားလုံးများဖြစ်ကြ၍ time-space compression ဟာ ယနေ့ခေတ်လို ကြီးမားသည့် factor တစ်ခုမဟုတ်ခဲ့ပါ။
ပထဝီဝင်ပညာရှင်များသည် မီးသတ်များ၊ လူနာတင်ကားများ၊ သို့မဟုတ် အရေးပေါ်ကယ်ဆယ်ရေးများက ထိထိရောက်ရောက်ဝန်ဆောင်မှုပေးနိုင်သည့်ရန် ကားမောင်းကြာချိန်ပြမြေပုံ drive-time map များကို ဖန်တီးကြပါသည်။ ထို့အပြင် ၎င်းတို့၏ ဝန်ဆောင်မှုလွှမ်းခြုံနိုင်မှုကို မြှင့်တင်ရန် location-allocation tool ဖြင့် အကောင်းဆုံး တည်နေရာကို ရွေးချယ်သတ်မှတ်ကြပါသည်။
Distance decay နမူနာများက ဘာတွေလဲ
နေရာနှစ်ခုကြား အကွာအဝေး များလာလေလေ ၎င်းတို့ကြား ပက်သက်ဆက်နွယ်မှုနှုံးက လျော့လာလေလေဖြစ်ပါသည်။ အလားတူ ပင် လမ်းပန်းဆက်သွယ်မှုမရှိသည့် နေရာတစ်ခုမှာ စတိုးဆိုင်တစ်ခု တည်ဆောက်မည်ဆိုပါက ဘယ်သူမှ သင့်စတိုးဆိုင်ကို ဈေးလာဝယ်မည် မဟုတ်ပါ။
Distance decay အယူအဆကို လူသားယဉ်ကျေးမှု အစကတည်းက အသုံးပြုလာခဲ့ပါသည်။ လယ်သမားများသည် ၎င်းတို့လယ်များ ရေသွင်းရန် ရေအရင်းအမြစ်ကို နီးနိုင်သမျှ အနီးဆုံးတွင် ထားရှိကြပါသည်။ အလွန်ဝေးကွာခြင်းကို မကြိုက်ကြပါ။
ကားပါကင်ကိုသွားခြင်း သို့မဟုတ် ဈေးဝယ်သွားခြင်း နှင့် သင့်ရဲ့ distance decay အတွေ့အကြုံကို စဉ်းစားကြည့်ပါ။ Waldo ဆရာကြီးတော်ဘလာ၏ ပထမ ပထဝီဝင် ဥပဒေသ (First Law of Geography) တွင် အနီးအနားနှင့် အဝေးရှိအရာများကြား ဆက်စပ်မှုများ ကို မည်သို့ဖော်ပြထားသနည်း။
သင်ဈေးဝယ်လေ့ရှိသည့် စတိုးဆိုင်အချို့နဲ့ သင့်ရဲ့ နေ့စဉ်ဘဝမှာ distance decay အကို အသုံးပြုသလားဆိုတာ အချိန်ယူပြီး ချရေးပါ။ မြေပုံပေါ်မှာ စတိုးအသစ်အချို့ကို ရှာဖွေပြီး အဲဒီနေရာတွေကို သွားဖြစ်နိုင်ချေဘယ်လောက်ရှိလဲဆိုတာကို ပုံဖော်ကြည့်ပါ။
မူရင်း https://gisgeography.com/distance-decay/ ကိုဘာသာပြန်ဆိုပါသည်
