GIS တွင်ပါဝင်သည့် ပမာဏပြ သင်္ကေတများအကြောင်း (Graduated Symbols)

မူရင်း – https://www.gislounge.com/what-are-graduated-symbols-in-gis/

GIS တွင်ပါဝင်သည့် အဆင့်ပြသင်္ကေတများ

Graduated symbols (အဆင့်ပြသင်္ကေတ) များသည် GIS မြေပုံများတွင်ပါဝင်သော ကိန်းဂဏန်းအချက်အလက်များကို အမြင်အားဖြင့်ထင်ရှားသိသာစေရန် သင်္ကေတများဖြင့် ဖေါ်နည်းတစ်ခုဖြစ်သည်။ Graduated symbol များသည် အရေအတွက်၊ ပမာဏ၊ အချိုး နှင့် တန်ဖိုးအပိုင်းအခြား (range) စသော အရေအတွက် ကိန်းဂဏန်းအချက်အလက်များကို ဖေါ်ပြနိုင်စွမ်းရှိသည်။

ဥပမာအားဖြင့် ဧရိယာတစ်ခုအတွင်းရှိ ငှက်များ၏တည်ရှိနေမှုအချက်အလက်ဒေတာဘေ့စ်တစ်ခုရှိသည်ဆိုပါစို့။ ယင်းဒေတာကို ဖေါ်ပြရာတွင် သတ်မှတ်ထားသောနေရာတစ်ခုအတွင်းရှိနေသည့် ငှက် အကောင်ရေပမာဏ သို့မဟုတ် တစ်ဧကအတွင်းရှိ ငှက်အကောင်ရေ (သိပ်သည်းမှု) ကို graduated symbol များဖြင့်ဖေါ်ပြနိုင်သည်။

ငှက်များတည်နေရာကို မြေပုံတွင်ဖော်ပြရာတွင် graduated symbol အရွယ်အစား အကြီးအသေးများ သုံး၍ ငှက်အရေအတွက်ကို မြင်သာအောင်ဖေါ်ပြနိုင်သည်။ ငှက်အများဆုံးရှိသောဧရိယာသို့မဟုတ် ငှက်ဦးရေအထူထပ်ဆုံးသောဧရိယာကို သင်္ကေတအရွယ်အကြီးဖြင့်ဖေါ်ပြကြသည်။

point data များကို Graduated symbol ဖြင့် မြေပုံပေါ်ရှိသက်ဆိုင်ရာနေရာတွင်ဖေါ်ပြကြသည်။ များသောအားဖြင့် အဝိုင်းပုံသင်္ကေတများအဖြစ် ဖေါ်ပြလေ့ရှိသည်။ ထိုသင်္ကေတများ၏အရွယ်အစားများသည် အချက်အလက်များ၏တန်ဖိုး သို့မဟုတ် ပမာဏ နှင့် တိုက်ရိုက်အချိုးကျသည်။ သင်္ကေတအရွယ်အစားအသေးအကြီးကို နှိုင်းယှဉ် ကြည့်ခြင်းအားဖြင့် ဒေသ တစ်ခုအတွင်းရှိ အချက်အလက်တန်ဖိုးပမာဏ သည် အခြား ‌ဒေသ ရှိ တန်ဖိုးပမာဏ ထက်နည်းသည် သို့မဟုတ် များသည်ကို လွယ်ကူစွာရှုမြင်သုံးသပ်နိုင်ပါသည်။

A dot density map using a water drop symbol in different sizes of dark blue to show water usage in Idaho.

ဤ dot density map (သိပ်သည်းဆပြမြေပုံ) သည် အပြာရင့်ရောင်ရေစက်သင်္ကေတ ကိုအသုံးပြုထားသော အိုင်ဒါဟိုကောင်တီ ၏ ရေသုံးစွဲမှု ပမာဏကို ခွဲခြားဖေါ်ပြသောမြေပုံဖြစ်သည်။ (Map: Idaho Water Use, 2015, USGS, public domain.)

အချက်အလက်များအား အဆင့်ပြသင်္ကေတသုံး၍ အုပ်စုအဆင့်ခွဲခြားပြခြင်း

GIS အချက်အလက်များကို graduated symbol များဖြင့်ဖေါ်ပြနိုင်ရန် ဦးစွာ အဆင့်ခွဲခြင်း သို့မဟုတ် အုပ်စုဖွဲ့ခြင်းပြုလုပ်ပြီး အရွယ်အစားပြသင်္ကေတများဖြင့်ဖေါ်ပြမည်ဖြစ်သည်။ သင်္ကေတအရွယ်အစားများသည်  အချက်အလက်ပမာဏကို မြေပုံအသုံးပြုသူများ အလွယ်တကူနားလည်နိုင်မည့် အရွယ်အစားကို ရွေးချယ်ရမည်ဖြစ်သည်။

အောက်ပါနမူနာ တွင် ကနေဒါနိုင်ငံနှင့်အမေရိကန်နိုင်ငံ အရှေ့ပိုင်းရှိမြို့များ၏ ၂၀၁၅ ခုနှစ် လူဦးရေအချက်အလက်များကို graduated symbol များဖြင့်အောက်ပါအတိုင်းနမူနာပြထားပါသည်။

လူဦးရေဆိုင်ရာအချက်အလက်များကို Graduated symbol များဖြင့်ဖေါ်ပြရာတွင် သဘာဝအတိုင်း အုပ်စုဖြစ်နေသည့် (natural break classification) တန်ဖိုးအပိုင်းအခြား (range) များကိုအသုံးပြုပါသည်။ လူဦးရေနည်းသောမြို့များကို အလွန်သေးငယ်သော အဝိုင်းပုံသင်္ကေတဖြင့်အမှတ်အသားပြု၍ လူဦးရေများသောမြို့များအား ကြီးမားသည့် အဝိုင်းပုံသင်္ကေတဖြင့်ဖေါ်ပြပါသည်။

Graduate symbol များသည် မြေပုံကြည့်ရှုသူများ လွယ်ကူစွာနှိုင်းယှဉ်သုံးသပ်မှုများပြုလုပ်စေရန် ပြုလုပ်ထားခြင်းဖြစ်သည်။ ဥပမာအားဖြင့် အောက်ဖေါ်ပြပါ graduated symbol ဖြင့်ဖေါ်ပြထားသော မြေပုံတွင် အမြင်အားဖြင့် ပင် နယူးယောက်မြို့တော်ရှိ လူဦးရေသည် အယ်လ်ဘာနီ မြို့ထက် ပိုမိုများပြားကြောင်း အလွယ်တကူ သိမြင်နိုင်သည်။ 

This map shows city locations symbolized based on population sizes using graduated circles.  Map: Caitlin Dempsey

ဤမြေပုံသည် လူဦးရေပမာဏအနည်းအများပေါ်မူတည်၍ အဆင့်ခွဲအဝိုင်းသင်္ကေတဖြင့်ဖေါ်ပြသော မြို့များ၏တည်နေရာပြမြေပုံဖြစ်သည်။ (Map: Caitlin Dempsey)

လူဦးရေအရေအတွက်ကို အဝိုင်းသင်္ကေတဖြင့် ဖော်ပြနိုင်သလို အခြားသင်္ကေတများဖြင့်လည်း ဖော်ပြနိုင်ပါသည်။

အဆင့်ပြသင်္ကေတသုံးမြေပုံနှင့် အဆင့်ပြအရောင်ချယ်မြေပုံ နှုင်းယှဉ်ချက်

Choropleth map (အဆင့်ပြအရောင်သုံးမြေပုံ) နှင့် graduated symbol map (အဆင့်ပြသင်္ကေတသုံးမြေပုံ) များသည် ရည်ရွယ်ချက်တူသော်လည်း အလုပ်လုပ်ပုံမတူပါ။

ပထဝီအနေအထားအားဖြင့်ပိုင်းခြားတည်ရှိသော နေရာများ၏ တန်ဖိုးများကို ဖေါ်ပြရာတွင် Graduate symbol ဖြင့်ပြသောမြေပုံများသည် ပိုမိုသင့်တော်သည်။ ဥပမာ မြို့ပြလူဦးရေများကိုဖေါ်ပြရာတွင် သင်္ကေတအရွယ်အစား graduated symbol များကို သုံးကြသည်။ choropleth map များသည် ပြည်နယ် သို့မဟုတ် နိုင်ငံ စသည်ကဲ့သို့သော ဒေသ သို့မဟုတ် ဧရိယာ တခုစီမှ အချက်အလက် တန်ဖိုးပြောင်းလဲမှုကို အရောင်ပြေးများ ဖြင့် ဖေါ်ပြသောမြေပုံဖြစ်သည်။

ဥပမာအားဖြင့်ဆိုရသော် မြို့တစ်မြို့၏လူဦးရေ ကဲ့သို့ တန်ဖိုးကို Graduated symbol map များသည် geographic point များ အနေဖြင့်ဖေါ်ပြ ၍ choropleth map များသည် ထိုတန်ဖိုးများကို သက်ဆိုင်ရာဧရိယာတစ်ခုဖြင့် အချိုးချ normalization ပြုလုပ်၍ဖေါ်ပြလေ့ရှိသည်။ ဆိုလိုသည်မှာ ရောင်ပြေး gradient တန်ဖိုးအတက်အကျ သည် မူလတန်ဖိုးကို အခြားအချက်တစ်ခု၏တန်ဖိုးနှင့် အချိုးျပြီး ကိုယ်စားပြုခြင်းဖြစ်သည်။ သို့မှသာ  တူညီသည့်အကြောင်းအရာခြင်းကိုနှိုင်းယှဉ်သည့် မှန်ကန်သောနှိုင်းယှဉ်မှု ဖြစ်သည် (ပန်းသီးကိုလိမ္မော်သီး နှင့် မနှိုင်းယှဉ်ဘဲပန်းသီးခြင်းသာနှိုင်းယှဉ် ဖေါ်ပြခြင်းဖြစ်သည်)။

အကယ်၍ အချက်အလက်များအား normalization ပြုလုပ်၍ မဖေါ်ပြခဲ့လျှင် ကြီးမားကျယ်ဝန်းသော ဒေသတွင် လူဦးရေများပြားခြင်းသည် အရေးပါသည်ဟု အမှတ်မှားယူဆကြမည်ဖြစ်သည်။ ဥပမာအားဖြင့် choropleth map များတွင် လူဦးရေစုစုပေါင်းကို ဒေသ၏ဧရိယာအကျယ်အဝန်းဖြင့် အချိုးချခြင်းဖြင့်ရလာသည့် လူဦးရေထူထပ်သိပ်သည်းမှု ကိုဖေါ်ပြလေ့ရှိသည်။ ဥပမာ ကယ်လီဖိုးနီးယားပြည်နယ်သည် အမေရိကန်ပြည်ထောင်စုတွင် တတိယအကြီးမားအကျယ်ပြန့်ဆုံးပြည်နယ်ဖြစ်၍ လူဦးရေအများဆုံးပြည်နယ် ဖြစ်သော်လည်း လူဦးရေသိပ်သည်းမှုတွင် အမေရိကန်ပြည်ထောင်စုတစ်ခုလုံး၏ ၁၇ ခုမြောက်အဆင့်တွင်သာရှိသည်။

A choropleth map with light to dark blue gradient showing water usage per person in Idaho.

ဤအဆင့်ပြအရောင် မြေပုံသည် ၂၀၁၅ ခုနှစ် အီဒါဟိုကောင်တီ ရေသုံးစွဲမှုနှုန်းကိုဖေါ်ပြသော အချိုးအစားပြမြေပုံဖြစ်သည်။ Map: USGS, public domain.

ဥပမာ သင်၏ပြည်နယ်အတွင်းရှိ ခရိုင်တစ်ခုသည် ပုံမှန်မဟုတ်သော လွန်လွန်ကဲကဲ ရေသုံးစွဲနေမှုကို နားလည်လိုသည်ဆိုပါက choropleth map တွင် ခရိုင်တစ်ခုခြင်း၏ စုစုပေါင်းရေသုံးစွဲမှု အချက်အလက်ဖြင့် ဆွဲသားမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ခရိုင်အတွင်း အဓိက မြို့ကြီးများပါဝင်ခဲ့လျှင် ထိုခရိုင်သည် လူဦးရေထူထပ်မည်ဖြစ်သည့်အတွက် တန်ဖိုးအဆင့်ခွဲရာတွင်ထိုခရိုင်သည် ထိပ်ဆုံးနား တွင်ပါဝင်နေမည်ဖြစ်သည့်အတွက်ဖြစ်သည်။

ထို့ကြောင့် ခရိုင်များအတွင်း နေထိုင်သောသူများ ရေသုံးစွဲမှုပမာဏ မြင့်တက်နေမှု ကို သိလိုလျှင် ခရိုင်တစ်ခုစီ၏စုစုပေါင်းရေသုံးစွဲမှုပမာဏကို ထိုခရိုင်တွင်းနေထိုင်သောလူဦးရေနှင့် အချိုးချရမည် ဖြစ်သည်။ ဤနည်းအားဖြင့် ခရိုင်အတွင်းလူတစ်ဦးချင်းစီ၏ ရေသုံးစွဲမှုပမာဏ choropleth map ကို ထုတ်ယူဖေါ်ပြနိုင်မည်ဖြစ်သည်။

မူရင်း – https://www.gislounge.com/what-are-graduated-symbols-in-gis/

 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details