GIS တွင်အသုံးပြုသောဆွဲကပ်ခြင်း (Snapping)

GIS တွင်အသုံးပြုသောဆွဲကပ်ခြင်း

မူရင်း – https://www.gislounge.com/what-is-snapping-in-gis/

Snapping (ဆွဲကပ်ခြင်း) ကို GIS အချက်အလက်များကိုတည်းဖြတ်ချိန်တွင် အသုံးပြုကြသည်။ ဂျီဩမေတြီ ပုံများ တစ်ခုနှင့်တစ်ခုထိကပ်ရန် vertex (အထွတ်) သို့မဟုတ် edge (ထောင့်စွန်း)များ ကိုဆက်ပြီး ပြုလုပ်ရာတွင် snapping ကိုအသုံးပြုကြသည်။ Snapping ပြုလုပ်ခြင်းသည် GIS အချက်အလက်များ တည်းဖြတ်/ဖန်တီးရာတွင်အလွန်အရေးပါသည်။ အဘယ့်ကြောင့်ဆိုသော် GIS အရာဝတ္ထုများ၏ vertex သို့မဟုတ် edge များသည် သေချာစွာထိဆက်နေကြရန် လိုအပ်ခြင်းကြောင့်ဖြစ်သည်။ အကယ်၍ snapping အသုံးမပြုပါက ပုံများ၏ အနားများကျော်လွန်ထပ်နေသည့် ဗဟုဂံများ၊ ကပ်လျက်ရှိရမည့် ဗဟုဂံများဟနေခြင်း၊ မျဉ်းများကျော်ခွထပ်နေခြင်း စသည့် အချက်အလက်အမှားများကို ဖန်တီးမိစေသည်။

The polygon on the left was created without snapping, leading to overlapping features.  With snapping, the polygon on the right was created to align with the adjacent polygons.

ဘယ်ဖက်တွင်ဖေါ်ပြထားသော ဗဟုဂံများထပ်နေသည့် ပုံသည် snapping မပြုလုပ်ပဲဖန်တီးထားသောပုံ ဖြစ်၍ snapping ပြုလုပ်သည့်အခါ ညာဖက်ပုံကဲ့သို့ ဗဟုဂံများ တစ်ခုနှင့်တစ်ခု လိုက်လျှောညီထွေစွာ ထိစပ်ဖန်တီးနိုင်သည်။

GIS တွင် Snapping ပြုလုပ်ရန် အချက်အချို့ကို သိရှိထားရန်လိုအပ်သည်။

A screenshot of a computer  Description automatically generated

ပထမဦးစွာ snapping ပြုလုပ်မည့်အရာသည် vertex (or node) သို့မဟုတ် edge (or segment) သို့မဟုတ် နှစ်မျိုးစလုံး တွင် မည်သည့်အရာကို ဆွဲကပ်ရမည်ကို ဆုံးဖြတ်ရမည်။ ထို့နောက် ဆွဲကပ်မှုလုပ်မည့်အကွာအဝေး ကိုသတ်မှတ်ပေးရမည်။ဆိုလိုသည်မှာ vertex သို့မဟုတ် segment တခုမှ အနီးအနားရှိ အခြားတခုဆီ snap လုပ်ခွင့်ပြုသည့်အကွာအဝေးကို ဆိုလိုသည်။ ဤ setting အဆင့်လုပ်ဆောင်မှု သည် အရေးပါသည်။ အဘယ့်ကြောင့်ဆိုသော် သင် snap မလုပ်လိုသောအရာဝတ္တုများကို မတော်တဆ snap မလုပ်မိစေရန် ဤ setting ဖြင့်ကန့်သတ်ထားခြင်းကြောင့်ဖြစ်သည်။ အပြန်အလှန်အားဖြင့် snap tolerance ကို နှိမ့်ပြီး သတ်မှတ်ထားပါက လိုအပ်သော အရာများကို snapping မပြုလုပ်နိုင်မည့် အခြေအနေကိုကြုံတွေ့နိုင်သည်။

Setting a proper snap tolerance ensures that spatially close features are snapped together.

သင့်လျော်သော span tolerance ကို ဦးစွာသတ်မှတ်ထားခြင်းဖြင့် နီးကပ်သောအရာများကို တထပ်တည်းကျစေရန် သေချာစေသည်။

Snap tolerance နှင့် Snap option ကို တည်ဆောက်ခြင်းနည်းလမ်းများ

snapping tolerance – ဆွဲကပ်မှုအသက်ဝင်မည့် အကွာအဝေးsnap option – မည်သည့်အရာ (vertex, edge, mid, end) ဆီကို ဆွဲကပ်လိုသည်ကိုသတ်မှတ်ခြင်း စသည်

GIS data များကို တည်းဖြတ်ဖန်တီးရန် GIS software တိုင်းတွင် snap ရွေးချယ်မှုများနှင့် ပတ်သက်၍ အသေးစိပ် ညွှန်ပြထားကြပါသည်။ Snapping ပြုလုပ်ရန် လမ်းညွှန်ချက်များကို GIS software များ၏ လမ်းညွှန် editing အပိုင်းတွင် မည်သို့ လုပ်ဆောင်ရမည်ကို ပြထားလေ့ရှိပါသည်။ အောက်ဖေါ်ပြပါ link များသည် အများဆုံးအသုံးပြုသော GIS software များမှ snapping ပြုလုပ်နည်း လမ်းညွှန်ချက်များဖြစ်ပါသည်။ဆ

 

Privacy Overview

This website uses cookies so that we can provide you with the best user experience possible. Cookies are small data files transferred onto computers or devices by sites, and this information is stored in your browser and performs functions such as recognising you when you return to our website and helping us to understand which information you find most interesting and useful.

You can adjust your preferences below.

Strictly Necessary Cookies

Strictly Necessary Cookie should be enabled at all times so that we can save your preferences for cookie settings and and store required information for operating the website properly.

Show details Hide details