မိုး၊ မြေနှင့် ရာသီဥတုပြောင်းလဲခြင်း – မြေပြိုမှု ဘေးအန္တရာယ်အကြောင်း သိကောင်းစရာ
ဓါတ်ပုံ – Hein Htet’s Facebook
ကမ္ဘာကြီး ပူနွေးလာသော ချိန်တွင် အဘယ်ကြောင့် အယ်လ်နီညို က အရေးပါသနည်း? ကုလသမဂ္ဂ တက္ကသိုလ် (United Nations University) မူရင်းထုတ်ဝေသည့်ရက်စွဲ – ၂၀၂၆ ခုနှစ် မေလ ၁၃ ရက် လတ်တလော မိုးလေဝသသတင်းများတွင် “အယ်လ်နီညို” (El Niño) ဟူသော ဝေါဟာရကို ခပ်စိပ်စိပ် ကြားဖူးကြပေမည်။ “အယ်လ်နီညို” သည် ဒေသအသီးသီးသို့ ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှု၊ အပူလှိုင်းဖြတ်မှုနှင့် မုန်တိုင်းများ ကို သယ်ဆောင်လာကာ ကမ္ဘာတစ်ဝန်းရှိ ရာသီဥတုပုံစံများကို ပြောင်းလဲစေနိုင်သည့် အရေးပါသော သဘာဝရာသီဥတု ဖြစ်စဉ်တစ်ခု ဖြစ်သည်။ အယ်လ်နီညိုဖြစ်စဉ်သည် ၂ နှစ်မှ ၇ နှစ်လျှင် တစ်ကြိမ် ဖြစ်ပေါ်လေ့ရှိပြီး ၎င်းဖြစ်ပေါ်မည့် အချိန်ကာလ နှင့် ပြင်းအားကို…
Read more
သမုဒ္ဒရာသည် ကမ္ဘာမြေ၏ ပိုလျှံနေသော အပူချိန်များကို စုပ်ယူနေသည့်အတွက် ယင်းသည် လူသားများ၊ သဘာဝတရားနှင့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအပေါ် ကြီးမားကျယ်ပြန့်သော သက်ရောက်မှုများကို ဖြစ်ပေါ်စေလျက်ရှိသည်။ သမုဒ္ဒရာရေထု ပူနွေးလာခြင်းသည် ရာသီဥတုပြောင်းလဲမှု၏ အထင်ရှားဆုံးသော သက်ရောက်မှုများအနက် တစ်ခုဖြစ်ပါသည်။ သမုဒ္ဒရာသည် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့် ပိတ်မိနေသော ပိုလျှံအပူအများစုကို စုပ်ယူပေးထားပြီး လေထုအတွင်း အပူချိန်မြင့်တက်မှုနှုန်းကို နှေးကွေးသွားစေရန် အထောက်အကူပြုပါသည်။ ဤကဲ့သို့ သဘာဝအလျောက် အပူဒဏ်ခံပေးနိုင်စွမ်းသည် ကမ္ဘာ့အပူချိန် ပိုမိုလျင်မြန်စွာ မြင့်တက်လာမည့် အန္တရာယ်မှ လူသားမျိုးနွယ်ကို ကာကွယ်ပေးခဲ့သည်။ သို့သော် ယင်းအတွက် ပေးဆပ်ရသည့် တန်ဖိုးမှာလည်း ကြီးမားလှပါသည်။ သမုဒ္ဒရာရေထု ပူနွေးလာသည်နှင့်အမျှ အဏ္ဏဝါဂေဟစနစ်များ ပြောင်းလဲလာခြင်း၊ ရာသီဥတုပုံစံများ ကမောက်ကမဖြစ်လာခြင်းတို့ ကြုံတွေ့နေရပြီး၊ လူသန်းပေါင်းများစွာ မှီခိုအားထားနေရသည့်၊ သမုဒ္ဒရာ၏ အကျိုးကျေးဇူးများမှာလည်း ပိုမိုဖိစီးမှုများနှင့်…
Read more
ပြောင်းလဲလာသော သဘာဝဘေးအန္တရာယ်များထဲတွင် တောမီးလောင်ကျွမ်းမှုများသည် အထင်ရှားဆုံးသော လက္ခဏာတစ်ခု ဖြစ်လာပါသည်။ သဘာဝတရား၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည့် တောမီးသည် နှင့် ၎င်း၏ဘေးအန္တရာယ်ကို မည်သို့ စီမံခန့်ခွဲနိုင်ပုံတို့ကို လေ့လာကြည့်ကြပါစို့။ သြစတြေးလျမှသည် အမေရိကတိုက်များအထိ ကမ္ဘာတစ်ဝန်းတွင် တောမီးများသည် ပိုမိုကြိမ်ဖန်များစွာတိုးနေပြီး ပိုမိုပြင်းထန်စွာ လောင်ကျွမ်းလာနေသည်။ ဤသို့ဖြစ်ရခြင်းမှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၊ မြေအသုံးချမှု ပြောင်းလဲလာခြင်း၊ မြို့ပြချဲ့ထွင်လာခြင်းနှင့် မီးကို စီမံကိုင်တွယ်ခဲ့သည့် သမိုင်းကြောင်းပုံစံများအပါအဝင် အကြောင်းရင်းပေါင်းစုံ ဆုံလာခြင်းကြောင့် ဖြစ်ပါသည်။ တောမီးများသည် ပြောင်းလဲလာသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ် ခေတ်ကာလကို ဖော်ပြနေသည့် အထင်ရှားဆုံးနှင့် အပျက်အစီးအများဆုံး လက္ခဏာတစ်ခု ဖြစ်လာခဲ့သည်။ ယခင်က မီးလောင်နိုင်ခြေနည်းပါးခဲ့သော ဒေသများတွင်ပင် မီးဘေးအန္တရာယ်နှင့် ပိုမိုရင်ဆိုင်လာရပြီး တောမီးရာသီကာလများ ပိုမိုရှည်ကြာလာနေသည်။ ဤအကြောင်းရင်းများကြောင့် ကျွန်ုပ်တို့သည် တောမီးကို ဘေးအန္တရာယ်တစ်ခုအဖြစ်သာ ရှုမြင်လေ့ရှိကြသော်လည်း…
Read more
ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်၏ အခြေအနေ၊ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများနှင့် မူဝါဒဆိုင်ရာ ရွေးချယ်မှုများကို သိပ္ပံပညာရှင်များက အမြဲမပြတ် လေ့လာဆန်းစစ်ပြီး ကျွန်ုပ်တို့ လျှောက်လှမ်းမည့် လမ်းကြောင်းအမျိုးမျိုးပေါ် မူတည်ပြီး အနာဂတ်ရာသီဥတု မည်သို့ဖြစ်လာနိုင်သည်ကို ကြိုတင်ခန့်မှန်းနိုင်ကြသည်။ လက်ရှိ မူဝါဒဆိုင်ရာ ရွေးချယ်မှုများအပေါ် အခြေခံ၍ ယခင်က သတ်မှတ်ထားခဲ့သော “အဆိုးရွားဆုံးအခြေအနေ” (worst-case scenario ဟုခေါ်သည့် RCP 8.5) သည် ယခုအခါ ဖြစ်နိုင်ခြေမရှိတော့ကြောင်း သိပ္ပံပညာရှင်များက မကြာသေးမီက ထုတ်ပြန်ခဲ့သည်။ ၂၁၀၀ ပြည့်နှစ်တွင် ကမ္ဘာ့အပူချိန် ၃.၅ ဒီဂရီဆဲလ်စီးယပ်စ်မှ ၅.၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်လာနိုင်သည်ဟု ကြိုတင်ခန့်မှန်းခဲ့သော ထိုအခြေအနေသည် ဖြစ်လာနိုင်ဖွယ် မရှိတော့ဟု သတ်မှတ်ခဲ့ကြပါသည်။ ၎င်းသည် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် တိုးတက်မှုလက္ခဏာတစ်ခု ဖြစ်သော်လည်း လက်ရှိဆောင်ရွက်ချက်များ ကိုရပ်တန့်လိုက်ဖို့မဟုတ်သလို ရာသီဥတုသိပ္ပံပညာရပ်အပေါ်…
Read more